Do you like ?

တစ်ယောက်နဲ့တစ်ယောက်မမြင်ရပေမယ့်
ချစ်ကျွမ်းတွေဝင်လာကြတဲ့
Onlineက Userတွေ
လူတကာကြွေနိုင်လောက်တဲ့
မူယာမာယာတွေကြားမှာ
နစ်မြောနေကြ။

ဟဲလို!
ယူ့ကိုတို့မမုန်းပါဘူး
ချစ်နေတုန်းပါပဲရယ်လို့
အထီး၊အမ မသေချာ
မရေရာ စမ်းတ၀ါးဝါးနဲ့
ပြောကြားတဲ့သူ့စကားတွေ
မုသားချွေနေပေမယ့်
မြွေမြွေချင်းပဲဗျာ
ခြေမြင်ကြတာပေါ့ ။

တချို့ကပြောကြတယ်ဗျာ
နင်မမိုက်ပါဘူး
Invite လုပ်နေတာကိုတောင်
ဘ၀င်ခိုက်ပြီး အဖက်မတန်လို့
Accept ပြန်မလုပ်တာလား .. တဲ့ဗျာ။

တချို့ကဒီလိုဗျာ
ရီငိုကာအပလီပိုတတ်ကြ
ချစ်သူကပစ်ကာထားလို့
လစ်ဟာသွားတဲ့နှလုံးသားနေရာမှာ
အမုန်းတရားတွေပစ်ကာပယ်လို့
ချစ်ပါတယ်ဆိုတဲ့စကားလေး
ယူ့ဆီကကြားချင်တယ် တဲ့
မိုက်တယ်ဗျာ ...။

အင်း နောက်တချို့သူတွေက
How are you..
How about Jobတဲ့
တော်တော့်ကို တော့ခ်(Talk)တတ်သူတွေရှိသလို
တဦးကိုတဦးချစ်ကျွမ်းဝင်နေစဉ်
Connection ကောင်းပါစေကြောင်း
ဆုမွန်ကောင်းတောင်းတဲ့လူတွေလည်း
ရှိတတ်ကြပါသတဲ့..။

ရှုပ်ပါတယ်ကွာ
လုပ်စရာတွေကျန်သေးလို့
မြန်မြန်လေးဂိုးတော့မယ်
တမျိုးတော့မထင်ပါနဲ့
တမင်တကာမရက်စက်ပါဘူး
Internetက သူငယ်ချင်းတွေကို
နှုတ်ဆက်လို့ ဒိုးတော့မယ်ဗျာ
See You Tomorrow....။
http://grou.ps/kothanaye2007

ခေါင်းစဉ်မရှိသော တစ်စုံတစ်ရာ. . .
... တစ်ခါတစ်ရံမှာ အချစ်ကပူ၏
တစ်ခါတစ်ရံမှာ အချစ်ကခါး၏
တစ်ခါတစ်ရံမှာ အချစ်ကသေစေ၏

... တစ်ခါတစ်ရံမှာ အချစ်ကအေး၏
တစ်ခါတစ်ရံမှာ အချစ်ကချို၏
တစ်ခါတစ်ရံမှာ အချစ်ကပျော်စေ၏

* ငါ့အတွက်တော့ အချစ်ကကော်ဖီခါးခါးတစ်ခွက်ပဲ ။
ပူလည်းပူတယ် ခါးလည်းခါးတယ်။


. . . . . . . ဒါပေမယ့် ငါ နှစ်သက်၏. . . . . .

သံယောဇဉ်ဆိုတာ ... ကြာလေကြာလေ အမြစ်တွယ်လေပါ ... မတူညီတဲ့ဘ၀နှစ်ခုကို
ညှိရင်းညှိရင်းနဲ့... ကိုယ့်လမ်းကိုယ်လျှောက်ကြတဲ့အခါ.....
အခန့်မသင့်ရင် ကြောခိုင်းသွားရတာမျိုးလဲရှိတယ်လေ...။
တစ်ပင်လဲရင်တစ်ပင်ထူဆိုတဲ့စကားဟာ..
တင့်တယ်ပေမဲ့ အသစ်တစ်ပင်ပြန်စိုက်ဘို့အတွက်ကတော့
တစ်ပင်ကို ရက်ရက်စက်စက်
မြေလှန်ဖယ်ရှားပစ်ဘို့လောက်အထိ
မရက်စက်သင့်တာတော့
အမှန်ပါပဲ......။

အရေးကောင်းတယ်
တကယ်ခံစားချက်နဲ့ဆိုရင်တော့
ညီမလေးကို နည်းနည်းသနားတယ်
အချစ်ဆိုတာ ခံစားကြည့်ပါ
အချစ်ကိုယုံတယ်
ဒါပေမယ့်အချစ်က ကိုယ့်ကို မယုံတဲ့အခါ
အဲ့ဒီလိုဘဲ
ခံစားရတတ်တယ်
ဘာကြောင့်လဲ အချစ်ကို ကိုယ်ကမယုံတော့လို့ အချစ်က ကိုယ့်ကို မယုံတော့တာ
အချစ်ကို နှစ်နှစ်ခြိုက်ခြိုက်ယုံကြည်ကြည့်လိုက်နော်
အချစ်က ညီမလေးကို ပြန်ပြီးယုံကြည်လာလိမ့်မယ်
ခင်လို့ပြောတာနော်

သူငယ်ချင်း
အေးချမ်းပါစေ......
ဘ၀ခရီးလမ်းပေါ်မှာ မှီထားစမ်းသူငယ်ချင်း
ပခုံးတစ်ဖက်ကသူငယ်ချင်းအတွက်…အမောဖြေရာ တစ်နေရာပေါ့...
ဆုပ်ကိုင်ထားတဲ့ လက်တွေသာခိုင်ပါစေ
နားလည်မှု့ အသင်္ချေက ငါတို့အတွက်…

ရိုးမသွားစေရဘူး ကြိုးစားပါ့မယ်
တိုးပွားလာတဲ့ မြတ်နိုးခြင်းတွေနဲ့အတူ… အေးအတူပူအမျှ…
ယုံကြည်မှု့တစ်ခုကို ပေးအပ်ပါတယ် ကတိတစ်ခုကိုကိုးစားလို့
တစ်ဘ၀လုံးရိုးသားစွာနေသွားကြရအောင်…

ဆင်းရဲနဲ့ချမ်းသာ လမ်းမှာမရောထွေးစေချင်ဘူး
သူငယ်ချင်းနဲ့ဘ၀ ရောသမမွှေမယ် အခြေအနေခြားတယ်ဆိုတာ
သူငယ်ချင်းသာအဓိက…
ရှိကြမှာပဲ အနှောက်အယှက်တွေ ငါ့ရဲ့ ချစ်ခြင်းနဲ့
ပျောက်ပျက်စေ…

နောင်တမရှိဘူးနော်…
သူငယ်ချင်းအတွက်ထာဝရပေးဆပ်ပြီးသား…
တစ်သားတည်းကျစေရမယ်…
နွေးထွေးရစေမယ် ကြည်နူးမှု့တွေသာသူငယ်ချင်းအတွက်
တဲအိုပျက်က ထမင်းရည်ကိုလည်း ကြည့်ခဲ့ပြီးသား
လိုအပ်နေသ၍ ဘ၀ကိုကြိုက်သလိုသုံး…
အပြုံးလေးတွေနဲ့သာ အေးချမ်းပါစေ….
သူငယ်ချင်း.........
သူငယ်ချင်းပျော်ရွှင်ပါစေ..........။
သူငယ်ချင်း{kothanaye2007}။
(ရန်ကုန်)
ထားဝယ်သူလေးေ၇။ကို့ ဆီလာလည်တာကိုကျေးဇူးတင်ပါတယ်ဗျာ။နောက်လဲလာလည်ပါ
ိုလို့ ဖိတ်ခေါ်ပါတယ်။လိုတာရှိ၇င်လဲပြောပါ။ဆ၇ာကြီးမဟုတ်၇ပါဘူးဗျာ။ဆ၇ာလေးလဲမဟုတ်
ဘူးနော်။
ပျော်ရွှင်နိုင်ပါစေ။

သူငယ်ချင်း
ငါ့ ကဗျာရေးထားတဲ့ ဖတ်ကြည်ပါအုံး။
ကြယ်ကြွေည
ည. . .
ကြယ်စုံခခဲ့. . .
ဒါပေသိ. . . လမသာခဲ့ဘူး
အဲ့ဒီည. . .မင်းလည်း
နေလိုပဲ ငါ့ရင်ဘတ်ကိုဖုံးကွယ်
ကြယ်တစင်းနဲ.ပစ်ပေါက်. . . .

အရင်ကလမ်းတွေတောင်
မှောင်အတိဖုံး. . .
တိတ်ဆိတ်ငြိမ်သက်
ရင်ဘတ်တစ်ခုလုံးစုတ်ပြတ်
သွေးအလိမ်းလိမ်း. . .
ဒဏ်ရာကိုပွေ.ဖက်. . .မျှော်လင့်. . .
အဲ့ဒီည. . .
လတခြမ်းသာတယ်
ဒါပေမဲ့. . .
ကြယ်တွေကြွေနေဆဲ. . . . ။
မကောင်းရင်ပြောပါ သူငယ်ချင်း
ငါ့ နေမကောင်းလို
နင်ဆိလာမလည်းနိုင်တာကိုခွင့်လွတ်ပါ သူငယ်ချင်း။
ငါ့ လားသွားတဲ့နော်။
သူငယ်ချင်း(kothanaye2007)။

မင်းနဲ့တွေဖို့ကိုမျှော်လင့်
ကြုံဆုံကွဲ ကံကိုကြောက်လို့
ငါ့တို့ ကမ္ဘာငယ်လေး
မပျောက်အောင် ငါ့ဘက်ကစောင့်ရင်း
မင်းပြန်လာချိန်ကို စောင့်နေတော့မယ်.................
မျှော်လင့်အလွမ်း
နွမ်းလှအသဲ
သတိရနေပါတယ်

မိုး......အတွက်ကဗျာ
တည်ငြိမ်တယ် အေးချမ်းတယ် ချစ်ဖို့ကောင်းတဲ့ မိန်းကလေးရယ်
ပြာလွင်နေတဲ့ အိမ်မက်တိုင်းမှာ
အမြဲတမ်း စိုးမိုးနေတယ်
ချစ်တဲ့စိတ်နဲ့ တွယ်တာမိပြီ
မြတ်နိင်းချင်တယ် မိုးရယ်
ရှင်သန်နေ တဲ့စက္ကန့်တိုင်းမှာ
ရင်နဲ့အမျှ ချစ်နေမိတယ်
အရာရာတိုင်း ပေးဆပ်ချင်တယ်
ခွင့်ပြုတော့ မိန်းကလေးရယ်
ရွှန်းလဲ့နေတဲ့ မျက်ဝန်းလေးနဲ့
မင်းပြုံးတွေပဲ ကိုမြင်ချင်တယ်
မဝေးမိအောင် ဆုတောင်းမိတယ်
သစ္စာစူးစေ မိန်းကလေးရယ်
ရိုက်ခတ်နေ တဲ့နှလုံးသား
လွမ်းတွေဝေမှာ တွေးကြောက်မိတယ်
အချစ်ကဗျာ သီကုံးထားတယ်
ခံစားလှည့် ပါမိုးရေ
လင်းလက်နေ တဲ့ကြယ်တပွင့်ကို
ချစ်သူရဲ့ကိုစား ဖွင့်ပြောမိတယ်
မိုး..........ကိုချစ်တယ်

ချစ်သူ....သို့

0 comments:

Post a Comment