အချစ်ကိုမြင်ချိန်

တစ်ခါတုန်းက လောကကြီးတစ်ခုလုံးကို မုန်းတီးစက်ဆုပ်စွာ အဆိုးမြင်နေတဲ့
မျက်စိမမြင်ရှာသူ ကောင်မလေး တစ်ယောက်ရှိခဲ့ပါတယ်။ သူမမှာ သူငယ်ချင်း
အများကြီး မရှိပေမယ့် သူမကို ဘယ်သူနဲ့မှ မတူအောင် လေးနက်စစ်မှန်စွာ
ချစ်တဲ့ ချစ်သူကောင်လေးတစ်ယောက် တော့ ရှိခဲ့ပါတယ်။

သူမက ချစ်သူကောင်လေးကို မြင်နိုင်တဲ့ တစ်နေ့ကျရင် လက်ထပ်ကြမယ်လို့
ပြောလေ့ရှိတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ တစ်နေ့မှာ သူမအတွက်
မျက်လုံးအလှူရှင် ရုတ်တရက် ပေါ်လာပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတော့
ချစ်သူကောင်လေးကို သူမ မြင်နိုင်ခဲ့ပါပြီ။ ဒါပေမယ့် အံ့သြခြင်းကြီးစွာ
သိလိုက်ရတာက ချစ်သူကောင်လေးဟာလည်း မျက်မမြင် တစ်ယောက် ဖြစ်နေတာပါပဲ။

ချစ်သူကောင်လေးက "အခု မင်းကိုယ့်ကို မြင်ရပြီဆိုတော့ လက်ထပ်ကြရအောင်နော်"
လို့ ပြောပါတယ်။

သူမက တွေဝေတွန့်ဆုတ်စွာနဲ့... "လက်ထပ်ပြီး ဘာဆက်လုပ်ကြမှာလဲဟင်။
ကျွန်မတို့ ပျော်နိုင်ကြပါ့မလား။ ကျွန်မက အခုမျက်လုံးပြန်မြင်သွားပေမယ့်
မောင်က မမြင်နိုင်ဘူးလေ။ ကျွန်မတို့ အဆင်ပြေကြမယ် မထင်ပါဘူး မောင်ရယ်။
ကျွန်မကို ခွင့်လွှတ်ပါ..." လို့ ပြန်ပြောပါတယ်။

အဲဒီအခါ ချစ်သူကောင်လေးက မျက်ရည်တွေနဲ့ပြုံးပြီး ထုံးစံအတိုင်း
အနွံအတာခံတဲ့ လေသံလေးနဲ့ ပြန်ပြောပါတယ်။ "ကိုယ်နားလည်ပါတယ်ကွာ။
မင်းစိတ်ချမ်းသာတာကိုပဲ ကိုယ်လိုချင်တာပါ။ မင်းကိုယ်မင်း ဂရုစိုက်ပါနော်။
ကိုယ့်မျက်လုံးလေးတွေကိုရောပေါ့....."

လူတစ်ယောက်ကို အဆိုးရွားဆုံး လွမ်းဆွတ်ရခြင်းဟာ သူ့ဘေးနားမှာ
ထိုင်နေရင်းနဲ့ သူ့ကို ဘယ်တော့မှ မပိုင်ဆိုင်နိုင်ဘူးဆိုတာ
သိနေရခြင်းပါပဲ။
လူတော်တော်များများ ဖတ်ပြီးသား ဖြစ်နိုင်ပေမယ့် အခုပြန်ဖတ်မိတော့
ခံစားမှုအသစ်တစ်ခု ရလိုက်တာကြောင့် အားလုံးကို ဘာသာပြန်ပြီး
မျှဝေလိုက်ပါတယ်။ တခါတရံမှာ အချစ်ဟာ အံ့သြစရာ ကောင်းလောက်အောင်
ခိုင်မြဲတတ်သလို တခါတရံမှာလည်း မထင်မှတ်ဘဲ အပြောင်းလဲကြီး
ပြောင်းလဲတတ်တယ် ထင်ပါရဲ့။ အားလုံး စစ်မှန်တဲ့အချစ်ကိုပဲ ရနိုင်ကြပါစေ.